အင်္ဂလန်နိုင်ငံ အိစ်ဘောင်းမြို့မှာကျင်းပနေတဲ့ အိစ်ဘောင်းနိုင်ငံတကာ တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်မှာ ဗြိတိန်တင်းနစ်မယ် ရာဒူကာနူအနိုင်ရပြီး နောက်တစ်ဆင့်တက်ပါတယ်။
ပထမအဆင့်ပွဲအဖြစ် ရာဒူကာနူနဲ့ အမေရိကန်တင်းနစ်မယ် စတီဖန်တို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ယူအက်စ်အိုးပင်းချန်ပီယံဟောင်း ၂ ဦး ထိပ်တိုက်ဆုံတဲ့ပွဲဖြစ်လို့ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် ရာဒူကာနူက သူ့ရဲ့ အကောင်းဆုံးလက်စွမ်းနဲ့အတူ စတီဖန်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပြင်းထန်တဲ့ရိုက်ချက်တွေနဲ့အတူ အမှတ်တွေ ရယူနိုင်ခဲ့တာပါ။
ပွဲကစားချိန် (၁)နာရီနဲ့(၁၆)မိနစ်သာ ကြာမြင့်ခဲ့ပြီးနောက် ရာဒူကာနူက (၆း၄၊၆း၀)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်သွားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပခဲ့တဲ့ နော်တင်ဟမ် အိုးပင်း ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်နိုင်ခဲ့တဲ့ ရာဒူကာနူအနေနဲ့ အခုပြိုင်ပွဲ စတင်ချိန်မှာလည်း လက်စွမ်းကောင်း ကို ပြသနိုင်ခဲ့တာပါ။
ဒုတိယအဆင့်မှာတော့ ရာဒူကာနူဟာ ကမ္ဘာ့အဆင့် ၅ နေရာမှာရပ်တည် နေသလို အခုပြိုင်ပွဲ မှာ ဆီဒင်အဆင့် ၂ ရထားတဲ့ အမေရိကန်တင်းနစ်မယ် ပီဂူလာနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ လည်းဖြစ်ပါတယ်။