စီးရီးအေကလပ် ဘိုလော့နာအသင်းရဲ့ အီတလီနောက်ခံလူ ကာလာဖီအိုရီဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ ဖို့အတွက် နီးစပ်နေပြီလို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
လာမယ့်ဘောလုံးရာသီမှာ ခံစစ်ကစားသမားသစ်တစ်ယောက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တဲ့ အာဆင်နယ်အသင်းဟာ အီတလီအသင်းနဲ့အတူ ယူရို (၂၀၂၄) ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကာလာဖီအိုရီကို ခေါ်ယူဖို့ လုပ်ဆောင်နေခဲ့တာပါ။
ကာလာဖီအိုရီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘိုလော့နာအသင်းရဲ့ခံစစ်ကို ဦးဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်လည်း အသင်းနဲ့အတူ စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ ကာလာဖီအိုရီတို့ကြား ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှုရခဲ့တာ ကြာခဲ့ပြီဖြစ်ပေမယ့်လည်း ဘိုလော့နာအသင်းနဲ့ ညှိနှိုင်းမှုတွေ လုပ်နေခဲ့ရတာကြောင့် ပြောင်းရွှေ့ဖို့ ကြန့်ကြာနေခဲ့တာပါ။
အခုအချိန်မှာ နှစ်ဖက်အသင်းကြား ညှိနှိုင်းမှုတွေက အဆင်ပြေသွားခဲ့ပြီဖြစ်လို့ ကာလာဖီအိုရီဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် မကြာခင်မှာ ဆေးစစ်မှုခံယူတော့မယ်လို့လည်း သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။