အင်တာမိုင်ယာမီအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ဒဏ်ရာပြဿနာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့် အတွက် ခြေစစ်ပွဲကစားမယ့် အာဂျင်တီးနားလူစာရင်းကနေ ဩဂုတ်လ(၁၉)ရက်က နုတ်ထွက်သွားခဲ့ပါတယ်။
အသက်(၃၇)နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ကိုလံဘီယာအသင်းနဲ့ကစားခဲ့တဲ့ (၂၀၂၄) ကိုပါ အမေရိကဖလား ဗိုလ်လုပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့တာပါ။

မက်ဆီဟာ ဒဏ်ရာကြောင့် ကိုပါအမေရိက ဖလားဗိုလ်လုပွဲစဉ်ပြီးကတည်းက အနားယူနေရပြီး အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်နေခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ လာမယ့်စက်တင်ဘာလမှာ (၂၀၂၆)ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ချီလီ၊ ကိုလံဘီယာအသင်းတို့နဲ့ ကစားသွားရမှာဖြစ်ပြီး မက်ဆီ နုတ်ထွက်ခဲ့တာကြောင့် အာဂျင်တီးနားအသင်း ထုတ်ပြန်ခဲ့တဲ့ ပဏာမလူစာရင်းမှာလည်း မပါဝင်ခဲ့တာကို တွေ့ရပါတယ်။