လက်ရှိကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ စက်တင်ဘာလ(၁၀)ရက်နေ့မှာကစားခဲ့တဲ့ ကိုလံဘီယာအသင်းနဲ့ (၂၀၂၆)ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ (၂)ဂိုး၊(၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ အခုပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုမရှိခဲ့တာကြောင့်ကိုလံဘီယာအသင်းကိုရှုံးနိမ့်ခဲ့ရတာပါ။ အာဂျင်တီးနားအသင်းဟာ မာတီနက်ဇ်နဲ့အယ်ဗာရက်ဇ်တို့နှစ်ယောက်ကို အသင်းရဲ့ တိုက်စစ်မှာ ပူးတွဲအသုံးပြုခဲ့ပေမယ့် အသင်းခေါင်းဆောင်မက်ဆီမပါဝင်နိုင်တာက အားနည်းချက်ဖြစ်ခဲ့ရပါတယ်။
အာဂျင်တီးနားအသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန်(၄၈)မိနစ်မှာ ဂွန်ဇာလက်ဇ်ကသွင်းယူခဲ့ပြီး ကိုလံဘီယာအသင်းအတွက်ဂိုးတွေကိုတော့ ပွဲချိန်(၂၅)မိနစ်မှာ မော့စ်ကွီယာ၊ မိနစ်(၆၀)မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့က သွင်းယူပေးခဲ့ကြပါတယ်။
အာဂျင်တီးနားအသင်းဟာ အခုပွဲစဉ်မှာရှုံးနိမ့်ခဲ့တာကြောင့် (၂၀၂၃)ခုနှစ်၊နိုဝင်ဘာလ(၁၈)ရက်နောက်ပိုင်း ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။