လာမယ့်ပွဲစဉ်တွေမှာ ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ အသားအရောင်ခွဲခြားမှုတွေ ပြုလုပ်ခံရမယ်ဆိုရင် ရီးရဲလ်အသင်းဖော်တွေအားလုံး ကွင်းအတွင်းက ထွက်မှာဖြစ်တယ်လို့ တိုက်စစ်မှူး ဗီနီစီးယက်စ်က ပြောကြားလိုက်ပါတယ်။
ဘရာဇီးတိုက်စစ်မှူး ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းက ပြိုင်ဘက်အသင်းကစားသမားနဲ့ ပရိသတ်တွေရဲ့ ပစ်မှတ်ထားလှောင်ပြောင်တာကို ခံခဲ့ရတာဖြစ်ပြီး ဘောလုံးကစားဖို့ကိုတောင် စိတ်ကုန်တဲ့အထိ ဖြစ်ရတယ်လို့ ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

အခုရာသီမှာတော့ မိမိအပါအဝင် ရီးရဲလ်ကစားသမား တစ်ယောက် ယောက် အသားအရောင် ခွဲခြားလှောင်ပြောင်ခံရရင် ပွဲကိုဆက်ကစားတော့မှာမဟုတ်ဘဲ ရီရဲလ် ကစားသမားတွေ အားလုံး ကွင်းထဲကနေ ထွက်မယ်လို့ ဗီနီစီးယက်စ်က ပြောသွားခဲ့တာပါ။
အခုလိုမျိုး လုပ်ဆောင်မှုကသာ လှောင် ပြောင်မှုတွေကို မြန်မြန်ဆန်ဆန်အဆုံးသတ်စေမှာဖြစ်တယ်လို့ ဗီနီစီးယက်စ်က ပြောသွားခဲ့ပြီး ဘောလုံးကွင်း အတွင်း အသားအရောင်ခွဲခြားလှောင်ပြောင်မှုတွေကို တိုက်ဖျက်ဖို့အတွက် ကစားသမားတွေဘက်ကလည်း တတ်နိုင်သလောက်လုပ်သွားရမယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။