ဗီလာအသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ (၂)ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် အာဆင်နယ်ကစားသမားဘဝ ပရီးမီးယားလိဂ်နိုင်ပွဲ(၁၀၀) ပြည့်မြောက်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ဆာကာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဗီလာအသင်းနဲ့ပွဲစဉ်မှာ ကစားရခက်ခဲခဲ့ပေမယ့် ထရော့ဆက်၊ ပါတေးတို့ရဲ့သွင်းဂိုးတွေ နဲ့အတူ ပွဲအပြီးမှာ အနိုင်ရခဲ့တာပါ။
အခုပွဲစဉ်မှာ အနိုင်ရခဲ့ပြီးနောက် အသင်းနဲ့အတူ ပရီးမီးယားလိဂ်နိုင်ပွဲ(၁၀၀) ပြည့်မြောက်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ဆာကာက သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်မှာ ရေးသားခဲ့ပါတယ်။

ဆာကာဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယာလိဂ်နိုင်ပွဲ(၁၀၀) ပြည့်မြောက်ဖို့အတွက် (၁၇၂)ပွဲသာ ကစားခဲ့ ရတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်နိုင်ပွဲ(၁၀၀) ပြည့်မြောက်ချိန်မှာ ဆာကာရဲ့အသက်က အသက်(၂၂)နှစ်အရွယ်သာ ရှိသေးတာမလို့ ရွန်းနီ၊ ဖာဘရီဂတ်စ်တို့ပြီးနောက် ပရီးမီးယားလိဂ်နိုင်ပွဲ(၁၀၀)ပြည်တဲ့ တတိယမြောက်အသက်အငယ်ဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။