ဂျာမနီအသင်းနည်းပြ နာဂယ်စ်မန်းက လက်တလောမှာ အသင်းရဲ့အဓိက ကစားသမားတွေအနေနဲ့ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားခဲ့တာကြောင့် အသင်းကိုပြန်လည်တည်ဆောက်ဖို့အတွက် ခက်ခဲတယ်လို့ စက်တင်ဘာလ(၆)ရက်နေ့က ပြောကြားသွားခဲ့ပါတယ်။
ဂျာမနီအသင်းရဲ့ အဓိကကစားသမားတွေဖြစ်ကြတဲ့ တိုနီခရူးစ်၊ မူလာ၊ နူအာနဲ့ ဂန်ဒိုဂန်တို့ဟာ ပြီးခဲ့တဲ့လတွေအတွင်း လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ အတွက်ဆုံးဖြတ်ခဲ့ကြတာပါ။
ဒီကစားသမား(၄)ယောက်က အတွေ့အကြုံရှိတဲ့ ဝါရင့်ကစားသမားတွေဖြစ်ကြသလို အသင်းအတွက်အရေးပါတဲ့ ကစားသမားတွေဖြစ်တာကြောင့် အသင်းကိုပြန်လည်တည်ဆောက်ဖို့ ခက်ခဲတယ် လို့ နည်းပြနာဂယ်စ်မန်းက ပြောကြားခဲ့ပါတယ်။
ဂျာမနီအသင်းဟာနေးရှင်းလိဂ်ပြိုင်ပွဲမှာ ဘော့စနီးယား၊ ဟန်ဂေရီ၊ နယ်သာလန်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာကြောင့် အရေးပါတဲ့ကစားသမားတွေ အနားယူသွားခဲ့ ကြတာက အသင်းအတွက် အားနည်းချက်ဖြစ်ခဲ့ရပါတယ်။