စက်တင်ဘာလ(၁)ရက်နေ့က ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက အဝေးကွင်း မှာ ကစားခဲ့ရပေမယ့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
လီဗာပူးအသင်းဟာ မန်ယူအသင်းကို ပွဲချိန်တစ်လျှောက်လုံး ဖိအားပေးကစားနိုင်ခဲ့ပြီး (၃)ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။
မန်ယူအသင်းဟာ အခုရာသီမှာမှ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး ဇက်ဇီးနဲ့ နောက်ခံလူ ဒီလစ်ချ်တို့ကို ပထမဆုံးအကြိမ် ပွဲထွက်စာရင်းမှာ အသုံးပြုလာခဲ့ပေမယ့်လည်း ကစားသမားတွေရဲ့အမှားကြောင့် လီဗာပူးအသင်းရဲ့ သွင်းဂိုးတွေ ခွင့်ပြုခဲ့ရပြီး အိမ်ကွင်းမှာတင် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းအတွက်ဂိုးတွေကို ပွဲကစားချိန်(၃၅)မိနစ်နဲ့ (၄၂)မိနစ်မှာ ဒီယက်ဇ်၊ (၅၆)မိနစ် မှာ ဆာလက်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ လီဗာပူးအသင်းအတွက် (၁)ဂိုးသွင်းပြီး (၂)ဂိုး ဖန်တီးနိုင်ခဲ့တဲ့ ဆာလက်က ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။
နည်းပြသစ်အာနီစလော့လက်ထက်မှာ လီဗာပူးအသင်းဟာ အခုရာသီမှာ ရလဒ်ကောင်းမွန်နေသလို ပရီးမီးယားလိဂ်(၃)ပွဲ ကစားပြီးချိန်မှာ ပေးဂိုးတစ်ဂိုးမျှမရှိခဲ့ဘဲ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။