ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၂၄ ပဲရစ်အိုလံပစ် အမျိုးသမီး သုံးမျိုးစပ်အားကစားပွဲစဉ်မှာ ပြင်သစ် နိုင်ငံသူ ဘော်ဂရန်က ရွှေတံဆိပ်ဆု ရခဲ့ပါတယ်။
ဒါဟာ တစ်ဦးချင်း သုံးမျိုးစပ်အားကစားပြိုင်ပွဲမှာ ပြင်သစ်အသင်းရရှိတဲ့ ပထမဆုံး အိုလံပစ်ဆုတံဆိပ်လည်း ဖြစ်ပါတယ်။
ရေကူး၊ စက်ဘီးနဲ့ အပြေး အားကစားတွေကို ပေါင်းစပ်ယှဉ်ပြိုင်ရမယ့် အခုပြိုင်ပွဲမှာ ရေကူးပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့် စိန့်မြစ်ရဲ့ ရေအရည်အသွေးစစ်ဆေးမှု အောင်မြင်ခဲ့လို့သာ အခုပွဲစဉ်ကို ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရေကူးအားကစားအပြီးမှာ ဒက်ဖီက ဦးဆောင် ခဲ့ပေမယ့် စက်ဘီးပြိုင်ပွဲ ယှဉ်ပြိုင်ချိန်မှာတော့ ဒက်ဖီက မတော်တဆမှုနဲ့ ရင်ဆိုင်ခဲ့ရလို့ ဆွစ်ဇာလန် နိုင်ငံသူ ဒါရွန်က ဦးဆောင်သူနေရာကို ရောက်လာခဲ့ပါတယ်။
ဒါပေမဲ့ အပြေးအားကစား ယှဉ်ပြိုင်ချိန်မှာတော့ လက်ရှိ ကမ္ဘာ့အဆင့်-၁ မှာရပ်တည်နေတဲ့ ဘော်ဂရန်က ပြိုင်ဘက်တွေကို ကျော်တက်ပြီး ဦးဆောင်သူနေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။ ပန်းဝင်လာချိန်မှာတော့ ဘော်ဂရန်က ၁ နာရီ ၅၄ မိနစ် ၅၅ စက္ကန့်နဲ့ ပထမရခဲ့ပြီး ဒါရွန်က ၆ စက္ကန့်အကွာနဲ့ ဒုတိယ၊ ဗြိတိန်နိုင်ငံသူ ပေါ်တာက တတိယ အသီးသီး ရခဲ့ကြပါတယ်။