ဇူလိုင်လ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် ပဲရစ်အိုလံပစ်ဖွင့်ပွဲမှာ အမေရိကန်အိုလံပစ်အသင်းရဲ့ အမျိုးသားအလံကိုင်အဖြစ် ဘတ်စကက်ဘောကစားသမား လီဘရွန်ဂျိမ်းစ်ကို ရွေးချယ်လိုက်ပါတယ်။
အသက် ၃၉ နှစ်အရွယ် ဂျိမ်းစ် ဟာ NBA ပြိုင်ပွဲရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး အခုနှစ်အိုလံပစ်ပြိုင်ပွဲက သူ့အတွက် ၄ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲ ဖြစ်လာမှာပါ။
NBA ချန်ပီယံဆုကို ၄ ကြိမ်ရရှိထားတဲ့ ဂျိမ်းစ်ဟာ အမေရိကန်အိုလံပစ်အသင်းနဲ့အတူ ရွှေတံဆိပ် ၂ ခုရရှိထားသူလည်း ဖြစ်ပါတယ်။
အိုလံပစ်ပြိုင်ပွဲမှာ အမေရိကန် အသင်းကို ကိုယ်စားပြုခွင့်ရတာက ဂုဏ်ယူစရာကောင်းသလို အလံကိုင်အဖြစ် ရွေးချယ်ခြင်းခံရတာလည်း အမှတ်တရ ဖြစ်ရပ်ဖြစ်လာမှာပါလို့ ဂျိမ်းစ်က ပြောထားပါတယ်။
ပြင်သစ်နိုင်ငံ စိန့်မြစ်အတွင်းမှာ ကျင်းပမယ့် ပဲရစ်အိုလံပစ် ဖွင့်ပွဲအခမ်းအနားမှာ ဂျိမ်းစ်ဟာ သူ့ရဲ့တွဲဖက်အမျိုးသမီးအလံကိုင်နဲ့အတူ အမေရိကန်နိုင်ငံအလံကို ကိုင်ဆောင်ပြီး ချီတက်ပြသခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။
အမေရိကန်အိုလံပစ်အသင်းရဲ့ အလံကိုင်တွေကို တော့ အမေရိကန်အိုလံပစ်အသင်းသားတွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။