အမေရိကန်လက်ရွေးစင်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ပြီးခဲ့တဲ့ရာသီကုန်က လမ်းခွဲခဲ့တဲ့ နည်းပြပိုချက်တီနိုကို အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလ(၁၀)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။

ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို တစ်ရာသီကြာ ကိုင်တွယ်အပြီးမှာပဲ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး အခုအချိန် မှာတော့ အမေရိကန်အသင်းရဲ့ နည်းပြသစ် ဖြစ်လာတာပါ။

အမေရိကန်နိုင်ငံဟာ (၂၀၂၆)ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကို၊ ကနေဒါနိုင်ငံတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပရမှာဖြစ်တာကြောင့် လာမယ့်ပြိုင်ပွဲမှာ ရလဒ်ကောင်း ရဖို့အတွက် ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
စပါးနဲ့ပီအက်စ်ဂျီအသင်းတို့ရဲ့နည်းပြဟောင်း ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို (၂၀၂၃)ခုနှစ်မှာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ချယ်လ်ဆီးအသင်းကို အဆင့်(၆)နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။