လီဗာပူးအသင်းဟာ အသင်းရဲ့ဂျပန်ကွင်းလယ်လူ အန်ဒိုအတွက် မာဆေးလ်အသင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ် သွားခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဒီဇာဘီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ မာဆေးလ် အသင်းဟာ အသင်းကိုအင်အားဖြည့်တင်းဖို့ လုပ်ဆောင်နေပြီး လီဗာပူးကွင်းလယ်လူ အန်ဒိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့တာပါ။
မာဆေးလ်အသင်းဟာ အန်ဒိုကိုခေါ်ယူဖို့အတွက် ပေါင်(၁၁ ဒသမ ၈)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးအသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။

အသက်(၃၁)နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း အန်ဒိုဟာ လီဗာပူးအသင်းရဲ့ကွင်းလယ်အဖျက်နေရာမှာ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးကစားနိုင်ခဲ့တာကြောင့် လီဗာပူး အသင်းက ရောင်းချဖို့ စိတ်ကူးမရှိဘူးလို့ သိရပါတယ်။
အန်ဒိုဟာ ပြီးခဲ့တဲ့ရာသီအပြောင်းအရွှေ့မှာမှ စတုဂတ် အသင်းကနေ လီဗာပူးအသင်းကို ပေါင်(၁၆ ဒသမ ၂)သန်းနဲ့ ရောက်လာခဲ့တာဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုထား သူ ဖြစ်ပါတယ်။