ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်အသင်းဟာ မာဆေးလ်အသင်းရဲ့ ဆီနီဂေါတိုက်စစ်ကစားသမား အစ္စမေလာဆား ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဩဂုတ်လ(၁)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။
ပဲလေ့စ်အသင်းဟာ လာမယ့် ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကစားသမားသစ်ခေါ်ယူနေတာဖြစ်ပြီး အစ္စမေလာဆားကို ခေါ်ယူဖို့ အတွက် လုပ်ဆောင်ခဲ့တာပါ။
အသင်းရဲ့ရည်မှန်းချက်ကို တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တာကြောင့် ခြေစွမ်းပြကစားနိုင်ဖို့အတွက် အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ ကစားသမားသစ်ဖြစ်လာတဲ့ အစ္စမေလာဆားက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ဇူလိုင်လကမှ ဝက်ဖို့ဒ်အသင်းကနေ မာဆေးလ်အသင်းကို ပြောင်းရွှေ့ခဲ့တာကြောင့်လည်း အင်္ဂလန်ဘောလုံးလောကမှာ အတွေ့အကြုံရှိတဲ့ အစ္စမေလာဆားကို အသင်းအတွက် အကျိုးပြုနိုင်လိမ့်မယ်လို့ ပဲလေ့စ်အသင်းကယုံကြည်နေပါတယ်။
ပဲလေ့စ်အသင်းဟာ အစ္စမေလာဆားကို ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းခွဲ နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။