အင်္ဂလန်နည်းပြသစ်လက်ထက် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပထမဆုံးအကြိမ်လေ့ကျင့်မှုကို မတ်လ ၁၇ ရက် နေ့က ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က နည်းပြတူချယ်ရွေးချယ်ခဲ့တဲ့ လက်ရွေးစင်အသင်းမှာပါဝင်သူ ကစားသမား ၂၆ ယောက်စလုံး အင်္ဂလန်အသင်းရဲ့လေ့ကျင့်ရေးစင်တာဖြစ်တဲ့ စိန့်ဂျော့ချ်ပါ့ခ်ကို လာရောက်ပူး ပေါင်းခဲ့ကြတယ်လို့ သိရပြီး တနင်္လာနေ့မှာ လေ့ကျင့်မှုတွေ စတင်ပြုလုပ်ခဲ့တာပါ။

အင်္ဂလန်အသင်းဟာ နည်းပြ ဆောက်ဂိတ်ရဲ့ ၈ နှစ်တာကာလ တာဝန်ယူမှုအတွင်း အောင်မြင်မှုတစ်စုံတစ်ရာ မရှိခဲ့တာကြောင့် အောက်တိုဘာ မှာ နည်းပြသစ်အဖြစ် တူချယ်ကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီမှာ အင်္ဂလန်အသင်း နည်းပြရာထူးကို စတင်တာဝန်ယူခဲ့တဲ့ တူချယ်အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ၁၈ လ ရရှိမှာ ဖြစ်ပါတယ်။

သောကြာနေ့က ရွေးချယ်ခဲ့တဲ့ တူချယ်ရဲ့ အင်္ဂလန်အသင်းလူစာရင်းမှာ ဘယ်လင်ဟမ်၊ ကိန်း၊ ရိုက်စ်တို့လို ခြေစွမ်း ပြနေတဲ့ ကစားသမားတွေ ပါဝင်လာခဲ့သလို ဟန်ဒါဆန်နဲ့ ဝေါ်လ်ကာတို့လည်း အံ့အားသင့်ဖွယ် ပါဝင်လာခဲ့ပါ တယ်။
နည်းပြတူချယ်ရဲ့ အင်္ဂလန်အသင်းဟာ အခုတစ်ပတ်ထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် မတ်လ ၂၁ ရက်နေ့မှာ အယ်ဘေးနီးယား၊ မတ်လ ၂၄ ရက်နေ့မှာ လတ်ဗီးယားအသင်းတွေနဲ့ ကစားရဖို့ရှိနေ တာဖြစ်ပါတယ်။