အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာက အသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီအတွက် အင်အားဖြည့်တင်းဖို့ လိုအပ်နေသေးတယ်လို့ ဇူလိုင်လ(၂၂)ရက်နေ့မှာ ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ရာသီကြို ခြေစွမ်းပွဲစဉ်တွေကစားဖို့အတွက် အမေရိကန်နိုင်ငံကို ရောက်နေကြတာဖြစ်ပြီး ရာသီသစ်အတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေကြတာပါ။
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့က ပြီးပြည့်စုံနေဖို့ လိုအပ်တဲ့အတွက် အာဆင်နယ်အသင်း အနေနဲ့ အင်အားဖြည့်တင်းဖို့ လိုအပ်နေသေးတယ်လို့ နည်းပြအာတီတာက ပြောပါတယ်။

အာဆင်နယ်အသင်း ဟာ ဘိုလော့နာအသင်းရဲ့ အီတလီနောက်ခံလူ ကာလာဖီအိုရီကိုခေါ်ဖို့ ကစားသမားနဲ့ သဘောတူညီမှုရခဲ့ပေမယ့် အပြောင်းအရွှေ့ အပြီးသတ်ဖို့ ကြန့်ကြာနေတဲ့အပေါ် အာတီတာက အားမလိုအားမရ ဖြစ်နေပါတယ်။
ဒါ့ကြောင့်လည်း အသင်းတိုးတက်လာဖို့အတွက် အားလုံး ကြိုးစားနေကြပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာဖို့အတွက် ဆိုရင် အသင်းကို အရင်ဆုံး အင်အား ဖြည့်တင်းဖို့ လိုအပ်တယ်လို့ နည်းပြအာတီတာက ရာသီကြိုခြေစမ်းပွဲ အတွက် ပြင်ဆင်မှုတွေပြုလုပ်ချိန်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။