အက်ဖ်အေဖလားပြိုင်ပွဲအတွက် တတိယအဆင့်မဲခွဲမှုကို ဒီဇင်ဘာလ(၂)ရက်နေ့က ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ် အသင်းတွေချင်း ထိပ်တိုက်တွေ့ဆုံနေခဲ့တာကို တွေ့ရပါတယ်။ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်ယူ အသင်းက အာဆင်နယ်အသင်းနဲ့ တွေ့ဆုံနေခဲ့ပြီး အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာပါ။

အခုဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းက တတိယတန်းကလပ် အက်ကရင်တန်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ နည်းပြမာရက်စကာလက်ထက်မှာ ခြေစွမ်းပြနေတဲ့ ချယ်လ်ဆီးအသင်းကတော့ မိုကမ်ဘီအသင်းနဲ့ အိမ်ကွင်းမှာကစားသွားရမှာ ဖြစ်ပြီး ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တဲ့ နည်းပြဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ဆဲလ်ဖို့ဒ်အသင်းနဲ့ ကစားသွားရမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းချင်း ထိပ်တိုက်တွေ့ဆုံမှုအဖြစ် အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ် အပြင် ဗီလာအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့လည်း ထိပ်တိုက်တွေ့ဆုံနေကြပါတယ်။ အက်ဖ်အေဖလား တတိယ အဆင့်ပွဲစဉ်တွေကို လာမယ့်နှစ်၊ ဇန်နဝါရီလမှာ စတင်ကာ ကစားသွားကြမှာဖြစ်ပါတယ်။