အက်ဖ်အေဖလားပြိုင်ပွဲရဲ့ တတိယအဆင့်ပွဲစဉ်အများစု ပြီးဆုံးသွားခဲ့ပြီဖြစ်တာကြောင့် စတုတ္ထအဆင့်မဲခွဲမှုတွေကို ဇန်နဝါရီလ(၁၂)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေမှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေချင်း ထိပ်တိုက်တွေ့ဆုံနေခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

အာဆင်နယ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်လာနိုင်ခဲ့တဲ့ လက်ရှိချန်ပီယံ မန်ယူအသင်းက စတုတ္ထအဆင့်မှာ လက်စတာအသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ တတိယအဆင့်မှာ ဘရန့်ဖို့ဒ်အသင်းကို အံ့အားသင့်ဖွယ်အနိုင်ရခဲ့တဲ့ ပလိုင်းမောက်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပါ။

ပရီးမီးယားလိဂ် အသင်းချင်း ကစားရမယ့်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ဗီလာအသင်း၊ ချယ်လ်ဆီးအသင်းနဲ့ ဘရိုက်တန်အသင်း၊ ဘုန်းမောက် အသင်းနဲ့ အဲဗာတန်အသင်းတို့က ထိပ်တိုက်တွေ့ဆုံနေကြပါတယ်။အခြားပွဲစဉ်အဖြစ် နော်တင်ဟမ်အသင်းက အိတ်စ်ဆက်တာအသင်း၊ နယူးကာဆယ်အသင်းက ဘာမင်ဟမ်အသင်း၊ မန်စီးတီးအသင်းက လေတန် အိုရီရန့်နဲ့ ဒါဘီအသင်းတို့ရဲ့ပွဲစဉ်က အနိုင်ရရှိတဲ့အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။