ဗစ်တိုးရီးယားပယ်ဇန်အသင်းနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ မန်ယူအသင်းတိုက်စစ်မှူး ဟွိုက်လန်းရဲ့စွမ်းဆောင်ရည်ကို နည်းပြအမ်မိုရင်က ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဗစ်တိုးရီးယားပယ်ဇန်အသင်းနဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုးအရင်ပေးခဲ့ရပေမယ့် ပွဲအပြီးမှာ(၂)ဂိုး၊ (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ တာပါ။
မန်ယူအသင်းရဲ့တိုက်စစ်မှူး ဟွိုက်လန်းဟာ အခုပွဲစဉ်မှာ ပွဲချိန်(၅၆)မိနစ်မှာမှ လူစားဝင် ကစားခွင့်ရခဲ့တာ ဖြစ်ပေမယ့် အသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဟွိုက်လန်းရဲ့ ကစားပုံက တိုးတက်လာသလို ဂိုးရှေ့မှာလှုပ်ရှားပုံ ကောင်းမွန်တာကြောင့် သွင်းဂိုးတွေကို အရင်ကထက် ပိုပြီး တော့သွင်းယူ လာနိုင်လိမ့်မယ်လို့ နည်းပြအမ်မိုရင်က ပြောပါတယ်။
ဗစ်တိုးရီးယားပယ်ဇန်အသင်းနဲ့ပွဲစဉ်မှာ နောက်ထပ်သွင်းဂိုးတွေရဖို့ နီးစပ်ခဲ့ပေမယ့် ကောင်းကောင်း အသုံးမချနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဟွိုက်လန်းရဲ့ကစားပုံက အရင်ကထက် ပိုကောင်းလာခဲ့တယ်လို့ မန်ယူနည်းပြ အမ်မိုရင်က ချီးကျူးသွားခဲ့ပါတယ်။ ဟွိုက်လန်းဟာ နည်းပြ အမ်မိုရင်လက်ထက်မှာ ပြိုင်ပွဲစုံ(၄)ပွဲ ကစားခဲ့ပြီး သွင်းဂိုး(၅)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို အခုဘောလုံးရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမား အဖြစ်လည်း ရပ်တည်နေခဲ့ပါတယ်။