ဂျာမနီနောက်ခံလူ ဟမ်းမဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ အီတလီစီးရီးအေကလပ် ဘိုလော့နာအသင်းက အတည်ပြုသွားခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ် ဟမ်းမဲလ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်က ဒေါ့မွန်အသင်းနဲ့ လမ်းခွဲခဲ့ ပြီးနောက် အခုအချိန်မှာ ကလပ်အသင်းလက်မဲ့ ဖြစ်နေတာပါ။
အခုဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ ဘိုလော့နာအသင်းဟာ အဓိကနောက်ခံလူ ကာလာဖီအိုရီကို အာဆင်နယ်အသင်းဆီရောင်းချဖို့ သဘောတူခဲ့ပြီးနောက် ခံစစ်မှူးသစ်ကို ရှာဖွေနေတာဖြစ်ပါတယ်။

ဟမ်းမဲလ်ရဲ့ ချန်ပီယံလိဂ်အတွေ့အကြုံတွေနဲ့ ဦးဆောင်နိုင်စွမ်း တွေက အသင်းကို အများကြီး အထောက်အကူဖြစ်စေနိုင်တာကြောင့် ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ ဘိုလော့နာ အသင်း အမှုဆောင်အရာရှိချုပ် ဖီနူချီက ပြောထားပါတယ်။
ဟမ်းမဲလ်ကို ဘွန်ဒက်စ်လီဂါချန်ပီယံ လေဗာကူဆင် အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။
လေဗာကူဆင်အသင်းရဲ့ ဂျာမနီ နောက်ခံလူ ဂျိုနသန်တက်ချ်ကို ဘိုင်ယန်မြူးနစ်အသင်း စိတ်ဝင်စားနေတာကြောင့် တက်ချ်ရဲ့နေရာမှာ ဟမ်းမဲလ် ကို အစားထိုးခေါ်ယူဖို့အတွက် လေဗာကူဆင်အသင်း စောင့်ကြည့်နေတာ ဖြစ်ပါတယ်။