ဟန်ဂေရီရဲ့ သံမဏိအမျိုးသမီးလို့ နာမည်ပြောင်ရထားတဲ့ ရေကူးအားကစားမယ် ကာတင်ကာ ဟော့စ်ဇူ ဟာ အသက် ၃၅ နှစ်အရွယ်မှာပဲ ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့ပါတယ်။ အိုလံပစ်ချန်ပီယံဆုကို ၃ ကြိမ်ရရှိထားတဲ့ ဟော့စ်ဇူက လူငယ်မျိုးဆက်သစ်ကစားသမားတွေ တိုးတက်လာစေဖို့အတွက် ကူညီပေးသွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

အိုလံပစ်ရေကူးပြိုင်ပွဲတွေမှာ ဟန်ဂေရီနိုင်ငံ ကိုယ်စားပြုပြီး ၅ ကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဟော့စ်ဇူဟာ ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတစ်ခုတည်းမှာပဲ ရွှေတံဆိပ် ၃ ခုနဲ့ ငွေတံ ဆိပ် ၁ ခု ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၅ နှစ်အရွယ်ကတည်းက ရေကူးအားကစားနည်းကို စတင်လေ့ကျင့် ခဲ့တဲ့ သူမအတွက် ရေထဲမှာပဲ အနေများခဲ့သလို အိမ်တစ်ခုလို ခံစားရတာဖြစ်လို့ အခုလိုမျိုး အနားယူဖို့ ဆုံးဖြတ် ချက်က လွယ်လွယ်နဲ့ ချနိုင်ခဲ့တာမဟုတ်ဘူးလို့လည်း ဟော့စ်ဇူက ပြောကြားခဲ့ပါတယ်။

ကစားသမားဘဝကနေ အနားယူသွားပေမဲ့ လူငယ်ကစားသမားတွေကို လေ့ကျင့်ပေးတဲ့နေရာမှာ ကူညီမှုတွေ ပြုလုပ်ပေးသွားမှာဖြစ်သလို အတွေ့အကြုံတွေကိုလည်း ဝေမျှပေးသွားမယ်လို့ ဟော့စ်ဇူက ပြောပါတယ်။ ဟော့စ်ဇူဟာ အိုလံပစ်ဆုတံဆိပ် တွေအပြင် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ရွှေတံဆိပ်ဆု ၉ ခုရရှိထားခဲ့သလို ၂၀၁၅ မှာ ဟော့စ်ဇူ တင်ထားခဲ့တဲ့ မီတာ ၂၀၀ ရေကူးပြိုင်ပွဲ ကမ္ဘာ့စံချိန်ကိုလည်း အခုထိ ချိုးနိုင်တဲ့သူ မရှိသေးပါဘူး။