ယူရိုပြိုင်ပွဲ ပွဲဦးထွက်မှာ အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာခဲ့တဲ့ တူကီယဲကွင်းလယ်တိုက်စစ်ကစားသမား အာဒါဂူလာက သူ့ရဲ့သွင်းဂိုးနဲ့ တူကီယဲပြည်သူတွေကို ပျော်ရွှင်စေနိုင်ခဲ့လို့ ကျေနပ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ဇွန်လ ၁၈ ရက်နေ့က ကစားခဲ့တဲ့ ယူရိုအုပ်စုအဖွင့်ပွဲမှာ တူကီယဲအသင်းက ဂျော်ဂျီယာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အာဒါဂူလာက အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။

ဒီဂိုးကို သွင်းယူနိုင်ချိန်မှာ အာဒါဂူလာရဲ့အသက်က ၁၉ နှစ်နဲ့ ၁၁၄ ရက်သာရှိသေးတာကြောင့် ယူရိုပြိုင်ပွဲ ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ရပ်တည် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
တကယ့်ကိုကောင်းတဲ့ ပွဲတစ်ပွဲဖြစ်သလို နည်းပြမွန်တဲလားရဲ့ အသက် ၅၀ ပြည့် မွေးနေ့လက်ဆောင်အဖြစ် သွင်းဂိုးနဲ့ ပေးဆပ်နိုင်ခဲ့လို့လည်း ဝမ်းသာမိပါတယ်လို့ ဂူလာက ပြောသွားခဲ့ပါတယ်။
တူကီယဲ နည်းပြ မွန်တဲလားကလည်း ဂူလာရဲ့ အသက်အရွယ်နဲ့ခြေစွမ်းပြနိုင်မှုအပေါ် ချီးကျူးသွားခဲ့ပြီး ဂူလာရဲ့ ခြေစွမ်း အခုထက်ပိုမိုတိုးတက်လာဖို့အတွက် ပြင်ဆင်ပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။