မြန်မာ့ရိုးရာ လက်ဝှေ့ကျော် စိုးလင်းဦးနဲ့ ဗြိတိန်ဖိုက်တာ လီယမ် ဟာရစ်ဆန်တို့ဟာ သြဂုတ်လ(၁)ရက်မှာ ယှဉ် ပြိုင်ထိုးသတ်သွားမှာ ဖြစ်တယ်လို့ ONE Championship က ထုတ်ပြန်ပါတယ်၊၊သြဂုတ်(၁)ရက်မှာ အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့၊ Ball Arena ကွင်းမှာ ကျင်းပမယ့် ONE 173 ပွဲစဉ်မှာ ယှဉ်ပြိုင် ထိုးသတ်သွားမှာဖြစ်ပြီး သူတို့ဟာ မွေထိုင်း ဘင်တန် ဝိတ်တန်းအတွင်း ယှဉ်ပြိုင်ထိုးသတ်သွားကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ONE Championship မှာ (၆)ပွဲ ထိုးသတ်ထားရာ (၃) ပွဲနိုင်၊ (၃) ပွဲ ရှုံးနိမ့်ထားပြီး နောက်ဆုံး ထိုးသတ်တဲ့ သုံးပွဲစလုံး အမှတ်နဲ့ ရှုံးနိမ့်ထားတဲ့အတွက် ရှုံးပွဲ ဆက်နေမှုကို ရပ်တန့်နိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ စိုးလင်းဦးနဲ့ ထိုးသတ်မယ့် ဟာရစ်ဆင်ကတော့ ONE Championship မှာ ခြောက်ပွဲ ထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ လေးပွဲ ရှုံးနိမ့်ထားတယ်လို့ သိရပါတယ်။