ကစားသမားဘဝက အနားမယူခင်မှာ ဝိတ်တန်း ၃ ခုရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ မျှော်မှန်းထားတယ်လို့ ရုရှား UFC ကစားသမား မာကာချက်ဗ်က ပြောကြားလိုက်ပါတယ်။ စနေညက ထိုးသတ်ခဲ့တဲ့ UFC လိုက်ဖ်ဝိတ်တန်း ချန်ပီယံ ဆု ကာကွယ်ပွဲမှာ စိန်ခေါ်သူ မွိုင်ကာနိုကို အနိုင်ရပြီးနောက် မာကာချက်ဗ်က အခုလို ပြောခဲ့တာပါ။

အသက် ၃၃ နှစ်အရွယ် မာကာချက်ဗ်ဟာ မွိုင်ကာနိုကို ပထမအချီမှာပဲ အနိုင်ယူခဲ့တာဖြစ်ပြီး ချန်ပီယံဆု ကာကွယ်ပွဲ ၄ ပွဲ ဆက်တိုက်အနိုင်ရတဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ မာကာချက်ဗ်အနေနဲ့ နောက်ထပ် ကမ္ဘာ့ ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ဖယ်သာဝိတ်တန်းကို ပြောင်းလဲယှဉ်ပြိုင်ဖို့ ရှိနေတာပါ။ ဖယ်သာဝိတ်တန်းမှာ တော့ တိုပူရီယာက ချန်ပီယံခါးပတ်ကို သိမ်းပိုက်ထားပြီး မာကာချက်ဗ်အနေနဲ့ တိုပူရီယာကို စိန်ခေါ်နိုင်ဖို့ ကြိုးစားသွားရတော့မှာ ဖြစ်ပါတယ်။

နောက်ထပ်ပစ်မှတ်က တိုပူရီယာကို အနိုင်ယူပြီး ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ဖို့ဖြစ်ပြီး ကစားသမားဘဝ အနားမယူခင်မှာ အတန်း ၃ တန်းရဲ့ ချန်ပီယံဆုကို ရယူနိုင်ဖို့ ရည်းမှန်းထားပါတယ်လို့ မာကာချက်ဗ်က ပြောသွားခဲ့ပါတယ်။ UFC ဥက္ကဋ္ဌ ဒါနာဝှိုက် ကလည်း နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၁၅ ပွဲဆက် အနိုင်ရထားတဲ့ မာကာချက်ဗ်ဟာ လိုက်ဖ်ဝိတ်တန်းရဲ့ အကောင်းဆုံး ထိုးသတ်သူဖြစ်ပါတယ်လို့ ချီးကျူးထားပါတယ်။