စပါးအသင်းရဲ့နည်းပြ ပိုစတီကော့ဂလူက ရိန်းဂျားအသင်းနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူးဝါနာရဲ့ စွမ်းဆောင်ရည်က လက်မခံနိုင်စရာ ဖြစ်တယ်လို့ ပွဲအပြီးမှာ ဝေဖန်သွားခဲ့ပါတယ်။ ဝါနာဟာ ရိန်းဂျားအသင်းနဲ့ (၁)ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပထမပိုင်းအစမှာတင် လူစားလဲခံခဲ့ရတာပါ။
ဂျာမနီလက်ရွေးစင် ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဝါနာရဲ့ပထမပိုင်းကစားပုံက သူ့ကိုအံ့အားသင့်စေခဲ့သလို လက်မခံနိုင်စရာလည်း ဖြစ်ခဲ့တယ်လို့ နည်းပြပိုစတီကော့ဂလူက ပြောကြားသွားခဲ့ ပါတယ်။ ဝါနာဟာ ရိန်းဂျားအသင်းနဲ့ ပထမပိုင်းမှာတင် (၁၆)ကြိမ်အထိ ဘောလုံးဆုံးရှုံးခဲ့ရသလို အခုဘောလုံး ရာသီမှာ စပါးအသင်းအတွက် (၇၁၁)မိနစ်အထိ ကစားခွင့်ရခဲ့ပေမယ့် (၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ကစားသမားတွေကို ခြေစွမ်းမပြနိုင်တာနဲ့ အစားထိုးဖို့အတွက် လူအလုံအလောက်မရှိတာကြောင့် အသင်းရဲ့ စီနီယာကစားသမားတွေအနေနဲ့ ကြိုစားကြဖို့လိုအပ်တယ်လို့လည်း နည်းပြပိုစတီကော့ဂလူက ပြောပါတယ်။ စပါးအသင်းဟာ အခုဘောလုံးရာသီမှာ ရလဒ်ပိုင်း ဆိုးရွားနေခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၈)ပွဲမှာ (၁)ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။