ဖရီးစတိုင်လေလှိုင်းစီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရာသီအဖွင့်ပွဲစဉ်ကို ပြင်သစ်နိုင်ငံ ဒန်ကက်မြို့မှာ ကျင်းပခဲ့ရာ ပြင်သစ် နိုင်ငံသား ဂူလီဘတ်နဲ့ ဘရာဇီးနိုင်ငံသူ ကာဂျီယာတို့ အနိုင်ရခဲ့ကြပါတယ်။
အမျိုးသမီး ဗိုလ်လုပွဲကို စတင်ကျင်းပခဲ့ ရာမှာ ကာဂျီယာဟာ စပိန်နိုင်ငံသူ အာနော့စ်၊ ဂျာမနီနိုင်ငံသူ လက်ချ်မန်းတို့နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တာဖြစ် ပြီး အကောင်းဆုံးစွမ်းဆောင်ရည် ပြကွက်တွေနဲ့အတူ အမှတ်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဖရီးစတိုင် လေလှိုင်းစီးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားတဲ့ ကာဂျီယာအနေနဲ့ ရာသီအဖွင့်ပွဲစဉ်မှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်ကို ဆက်ထိန်းထားပြီး နိုင်ပွဲနဲ့အတူ ချန်ပီယံအမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့တာပါ။

အမျိုးသား ဗိုလ်လုပွဲစဉ်ကလည်း အကြိတ်အနယ်ရှိခဲ့ပြီး ဂူလီဘတ်နဲ့ ဆွစ်ဇာလန်နိုင်ငံသား ချာဘလော့ဇ်၊ ဂျာမနီနိုင်ငံသား ဖလူဂယ်တို့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
ပြင်သစ်ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တဲ့ ဂူလီဘတ်ကလည်း ပြိုင်ပွဲမှာ အမှားအယွင်းမရှိအောင် ကစားနိုင်ခဲ့သလို ပရိသတ်တွေ အံ့အားသင့်ရမယ့် စွမ်းဆောင်ရည်တွေနဲ့အတူ အမှတ်တွေ ရယူနိုင်ခဲ့တာပါ။
ဒါ့ကြောင့်လည်း ပြိုင်ပွဲပြီးဆုံးချိန်မှာ အမှတ်အများဆုံး ရခဲ့ပြီး ရာသီအဖွင့်ကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။