ဇူလိုင်လ(၇)ရက်နေ့က ကစားခဲ့တဲ့ လေဗာကူဆင်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက (၄)ဂိုး၊ (၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ခြေစမ်းပွဲစဉ်ဖြစ်ပေမယ့် နှစ်သင်းစလုံးက အကြိတ်အနယ်ကစားခဲ့ကြပြီး အာဆင်နယ်အသင်းက ပွဲချိန်အတွင်းရလာခဲ့တဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့တာကြောင့် ဂိုးပြတ်အနိုင်ရခဲ့တာပါ။

လေဗာကူဆင်အသင်းဟာ အခုပွဲစဉ်မှာအသင်းရဲ့ အဓိကကစားသမားတချို့ကိုသာ အသုံးပြုခဲ့ပေမယ့် အာဆင်နယ်အသင်းကတော့ အသင်းရဲ့အဓိကကစားသမားအများစုကို ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့ပါတယ်။
အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ဇင်ချန်ကို၊ ထရော့ဆက်၊ ဂျီးဆပ်နဲ့ ဟာဗက်တို့က သွင်းယူပေးခဲ့ကြပြီး လေဗာကူဆင်အသင်းရဲ့ တစ်လုံးတည်းသောချေပဂိုးကို ဟလိုဇက်က သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် လိုင်ယွန်အသင်းနဲ့ ဩဂုတ်လ(၁၁)ရက်နေ့မှာ ကစားသွားရမှာဖြစ်ပါတယ်။