ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ အသင်းရဲ့နည်းပြသစ်ဖြစ်လာခဲ့တဲ့ အမိုရင်ကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူသစ်ခေါ်ပေးသွားမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။ နည်းပြအမိုရင်ဟာ တန်ဟတ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် မန်ယူအသင်းရဲ့နည်းပြသစ် ဖြစ်လာခဲ့ပြီး အခုအချိန်မှာ အသင်းနဲ့အတူ လေ့ကျင့်ရေးတွေ ပြုလုပ်နေခဲ့တာပါ။
နည်းပြသစ်ပြောင်းတဲ့အခါ ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်လေ့ရှိ ပေမယ့် မန်ယူအသင်းကတော့အသင်း ရဲ့ဘဏ္ဍာရေးအခြေအနေကြောင့် အမိုရင်ကို လူသစ်မခေါ်ဖို့အတွက် တောင်းဆိုထားပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့(၂၀၂၃)ခုနှစ်ကလည်း အရှုံးပေါ်ခဲ့သလို နည်းပြတန်ဟတ် လက်ထက် (၃)ရာသီအတွင်း အပြောင်းအရွှေ့ ဈေးကွက်မှာ ပေါင်သန်း(၆၀၀)ကျော် အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် မန်ယူနည်းပြသစ် အမိုရင် အနေနဲ့ အသင်းမှာရှိနေတဲ့ ကစားသမားတွေကိုသာ ခြေစွမ်း တိုးတက်လာ အောင် လုပ်ဆောင်ပေးရတော့မှာပါ။ မန်ယူအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ လူသစ် မခေါ်ယူဖို့ အမိုရင်ကို တောင်းဆိုခဲ့ပေမယ့် လာမယ့်နှစ် နွေရာသီ အပြောင်းအရွှေ့မှာတော့ လူသစ်ခေါ်ယူဖို့အတွက် ခွင့်ပြု သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။