ဂျူဗင်တပ်အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ (၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အွန်လိုင်းပေါ်ကနေ လူမျိုးရေး ခွဲခြားမှုတွေကို ခံခဲ့ရတယ်လို့ မန်စီးတီးအသင်းရဲ့နောက်ခံလူ ဝေါ်ကာက ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီး အသင်းဟာ ဂျူဗင်တပ်အသင်းနဲ့ပွဲစဉ်မှာ ကစားရခက်ခဲခဲ့ရသလို ဝေါ်ကာကလည်း ပုံမှန်စွမ်းဆောင်ရည်အောက် ကျဆင်းနေခဲ့တာပါ။ ဂျူဗင်တပ်အသင်းနဲ့ပွဲစဉ်မှာ စွမ်းဆောင်ရည်ကို စိတ်ပျက်ခဲ့ကြတဲ့ မန်စီးတီးအသင်းပရိသတ် တွေက သူ့ရဲ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်မှာ လူမျိုးရေးခွဲခြားမှုတွေကို လုပ်ခဲ့ကြတယ်လို့ ဝေါ်ကာက ပြောပါ တယ်။ ဂျူဗင်တပ်အသင်းနဲ့ပွဲစဉ်အပြီးမှာ လူမျိုးရေးခွဲခြားခံခဲ့ရသလို ဒီလိုအပြုအမူတွေက လက်ခံနိုင်စရာ မဟုတ် တာကြောင့် သူတို့ရဲ့အပြုအမူတွေကို ရပ်တန့်ကြဖို့လိုအပ်ပါတယ်။
မန်စီးတီးအသင်းရဲ့ရလဒ်တွေက အခုအချိန်မှာ ဆိုးရွားနေပေမယ့် ရလဒ်ကောင်းတွေ ပြန်ရဖို့အတွက် ကြိုစားသွားမယ်လို့လည်း ဝေါ်ကာက သူ့ရဲ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးသားခဲ့ပါသေးတယ်။ အခုရာသီမှာ မန်စီးတီးအသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရသလို နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၁၀)ပွဲမှာ (၁)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ပြီး (၇)ပွဲအထိ ရှုံးနိမ့်ထားတာလည်း ဖြစ်ပါတယ်။