အားကစားသမိုင်းမှာ အထင်ရှားဆုံး ဂျာစီတစ်ခုလို့ပြောရမယ့် NBA ဂန္ထဝင်ကစားသမား လီဘရွန်ဂျိမ်းစ် ဝတ်ဆင်ခဲ့ ဖူးတဲ့ ဂျာစီအင်္ကျီကို ဟောင်ကောင်မှာ လေလံတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။
“Chosen One”လို့အမည်ပေးထားတဲ့ ဒီဂျာစီအင်္ကျီကို လီဘရွန်ဂျိမ်းစ်က သူ့ရဲ့ ကစားသမားဘဝ အစောပိုင်းနေ့ရက်တွေလို့ ပြောရမယ့် စိန့်ဗင်းဆင်- စိန့်မေရီ ဟိုက်စကူးအသင်းမှာ ကစားစဉ်က ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
အဲဒီဂျာစီအင်္ကျီကို ဂျူလီယံ လေလံတင်ပွဲမှာ ရောင်းချသွားမှာဖြစ်ပြီး လီဘရွန်ဂျိမ်းစ်ရဲ့ ကစားသမားဘဝ အစမှာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီဖြစ်လို့ ဂျာစီရောင်းချရမှုကနေ ဒေါ်လာ သန်းနဲ့ချီရရှိဖို့ မျှော်လင့်ထားတယ်လို့ လေလံပွဲတာဝန်ရှိသူတစ်ယောက်က ပြောထားပါတယ်။
နာမည်ကျော်သရုပ်ဆောင် မာရီလင်မွန်ရိုးရဲ့ အင်္ကျီကို ဒေါ်လာ ၅ သန်းနဲ့ ရောင်းချခဲ့ဖူးတာကြောင့် လီဘရွန်ဂျိမ်းစ်ကလည်း နာမည်ကျော် ဂန္ထဝင်တစ်ယောက်ဖြစ်တဲ့အတွက် သူ့ရဲ့ဂျာစီကို ဒေါ်လာ ၁ သန်းနဲ့ ၂ သန်းကြား ဈေးနဲ့ ရောင်းချရဖို့ မျှော်လင့်ထားတယ်လို့လည်း အဲဒီတာဝန်ရှိသူက ပြောပါတယ်။
အသက် ၃၉ နှစ်အရွယ် လီဘရွန်ဂျိမ်းစ်ဟာ လက်ရှိမှာ NBA ပြိုင်ပွဲဝင် အယ်လ်အေလိတ်ကာအသင်းမှာ ကစားနေသူဖြစ်ပြီး NBA ချန်ပီယံဆုကို ၄ ကြိမ်အထိ ရရှိထားသူဖြစ်ပါတယ်။