လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အသင်းရဲ့ပထမဆုံးကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဗန်ဒိုက်နဲ့ လီဗာပူးအသင်းတို့ရဲ့ စာချုပ်သက်တမ်း က အခုဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်ပြီး သူကိုယ်တိုင်ကလည်း စာချုပ်သစ်ကိစ္စအတွက် အသင်းနဲ့အတူ ဆွေးနွေးနေတယ်လို့ ပြီးခဲ့တဲ့လကမှ အတည်ပြုထားခဲ့တာပါ။

သတင်းတွေရဲ့ဖော်ပြချက်အရ လီဗာပူးအသင်းရဲ့ ပထမဆုံးကမ်းလှမ်းချက်က ဗန်ဒိုက်မျှော်လင့်ထားသလို ဖြစ်မနေတာကြောင့် ကစားသမားဘက်က ငြင်းပယ်ခဲ့ တာ ဖြစ်တယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းနဲ့ တစ်ဖက်(၃)ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ စာချုပ်သစ် ကိစ္စအတွက် ဗန်ဒိုက်ကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာလည်း ပြောစရာစကားမရှိသေးဘူးလို့ ဖြေကြား ခဲ့ပါသေးတယ်။

(၂၀၁၈) ခုနှစ်မှာ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဗန်ဒိုက်ဟာ အသင်းနဲ့အတူ ပြိုင်ပွဲစုံပွဲပေါင်း (၂၈၉)ပွဲအထိ ကစားပေးထားသလို အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။