လာမယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ အရင်နှစ်ထက် အားကစားနည်းတွေ ပိုမိုပါဝင် ယှဉ်ပြိုင်သွားမယ်လို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကနေ သိရပါတယ်။

(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၉)ရက်ကနေ(၂၀)ရက်အထိ ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး အားကစားနည်း (၅၀)လောက် ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲဒီဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း (၂၄)နည်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ စီစဉ်နေပြီး အရင်(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတုန်းကတော့ အားကစား နည်း ၁၉ နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်ကနေ ၁၇ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာ အားကစားအဖွဲ့က ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခုအထိ ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။