အောက်တိုဘာလ(၁၅)ရက်နေ့က ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်အသင်းက ဂါဘရီရယ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အခုပွဲစဉ်ကို အဝေးကွင်းမှာ ကစားခဲ့ရတာကြောင့် စပါးအသင်းရဲ့ဖိအားပေးတာခံခဲ့ရပေမယ့် အနိုင်ရရှိအောင် ကစားနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ အခုပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းရဲ့အဓိကကွင်းလယ်လူ ဒီကလန်ရိုက်စ်မပါဝင်နိုင်ခဲ့သလို အသင်းခေါင်းဆောင် အိုဒီဂတ်ကလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။
အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော ဦးဆောင်ဂိုးကို ပွဲချိန်(၆၄)မိနစ်မှာ တောင်ပံကစားသမား ဆာကာကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ဂါဘရီရယ်က အနီးကပ်ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာ စပါးအသင်းရဲ့ဖိအားပေးတာခံခဲ့ရပေမယ့် အနိုင်ရလဒ်ကို ထိန်းကစားနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ အာဆင်နယ်အသင်း အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်(၄)ပွဲကစားပြီးချိန်မှာ (၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ ရမှတ်(၁၀)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။