အခုဘောလုံးရာသီအစမှာ ဘုန်းမောက်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး ဆိုလန်ကီဟာ လက်စတာအသင်းနဲ့ကစားမယ့် စပါးအသင်းရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာကြောင်း သတင်း တချို့က ဖော်ပြလာခဲ့ကြပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အင်အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို ဖြည့်တင်းဖို့အတွက် ဆိုလန်ကီကို ခေါ်ယူခဲ့တာပါ။ ဒါပေမဲ့ သတင်းတွေရဲ့အဆိုအရ ဆိုလန်ကီဟာ စပါးအသင်းကို မရောက်ခင် ဘုန်းမောက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေ ကစားခဲ့ရာမှာ အသေးစားဒဏ်ရာရခဲ့တာကြောင့် လက်စတာအသင်းနဲ့ပွဲစဉ်ကို လွဲချော်နိုင်တယ်လို့ သိရပါတယ်။
စပါးအသင်းရဲ့နည်းပြ ပိုစတီကော့ဂလူကတော့ ဆိုလန်ကီဟာ အသေးစားဒဏ်ရာရခဲ့ပေမဲ့ လက်စတာအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်-၁အဖြစ် ဩဂုတ်လ(၁၉)ရက်မှာ လက်စတာအသင်းရဲ့ အိမ်ကွင်းကို သွားရောက် ကစားသွားရမှာ ဖြစ်ပါတယ်။