(၂၀၂၄)ခုနှစ်ရဲ့ရွှေဘောလုံးဆုအတွက် ဆန်ခါတင်အယောက်(၃၀)စာရင်းကို စက်တင်ဘာလ(၄)ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
အခုရွှေဘောလုံးဆု ဆန်ခါတင်စာရင်းမှာ မက်ဆီ၊ ရော်နယ်ဒိုတို့နှစ်ယောက်လုံး မပါဝင်တဲ့ (၂၀၀၃)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်စာရင်းလည်း ဖြစ်လာပါတယ်။
အာဂျင်တီးနား တိုက်စစ်မှူးမက်ဆီဟာ (၂၀၂၄)ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့ပေမယ့် ရွှေဘောလုံးဆု ဆန်ခါတင်စာရင်းမှာတော့ မပါဝင်တာကို တွေ့ရပါတယ်။
အခုဆန်ခါတင်စာရင်းမှာ ရီးရဲလ် မက်ဒရစ်အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီက ဖလား(၃)လုံးသိမ်းပိုက်နိုင်ခဲ့တဲ့ ဘယ်လင်ဟမ်၊ ဗင်နီးစီးယက်စ်တို့အပြင် ကစားသမားသစ် အမ်ဘာပေလည်း ပါဝင်လာခဲ့ပါတယ်။

စပိန်အသင်းနဲ့အတူ ယူရို (၂၀၂၄)ဖလားကို ရယူနိုင်ခဲ့တဲ့ ကစားသမားတွေထဲက ရွှေဘောလုံးဆုဆန်ခါတင်စာရင်းမှာ (၆)ယောက်အထိ ပါဝင်နေတာကိုတွေ့ခဲ့ရသလို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမား(၇)ယောက်လည်း ဒီစာရင်းမှာပါဝင်ခဲ့ပါတယ်။
(၂၀၂၄)ခုနှစ်အတွက် ရွှေဘောလုံးဆုကို ရယူနိုင်မယ့်သူအဖြစ် ဘယ်လင်ဟမ်နဲ့ ဗင်နီးစီးယက်စ်တို့က ရေပန်းစားနေပါတယ်။