ဘာစီလိုနာအသင်းဟာ အသင်းနဲ့စာချုပ်သက်တမ်းပြည့်သွားခဲ့တဲ့ စပိန်နောက်ခံကစားသမား ရော်ဘတ်တိုကို ဩဂုတ်လ(၁၃)ရက်နေ့မှာ နှုတ်ဆက်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။
အသက်(၃၂)နှစ်အရွယ် ရော်ဘတ်တိုနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ စာချုပ်သက်တမ်းက ပြီးခဲ့တဲ့ဇွန်လတုန်းက ကုန်ဆုံးခဲ့တာဖြစ်ပြီး စာချုပ်သစ် ထပ်မချုပ်ဖြစ်တော့တာ ကြောင့် အသင်းကနေ ထွက်ခွာခဲ့ရတာပါ။
အသင်းက ထွက်ခွာရတော့မှာဖြစ်ပေမယ့် အသင်းနဲ့အတူ (၁၈)နှစ်ကြာ ဖြတ်သန်းခဲ့ရတာတွေအတွက် ဂုဏ်ယူမိတယ်လို့ ဘာစီလိုနာအသင်းခေါင်းဆောင် ရော်ဘတ်တိုက ပြောပါတယ်။
ဘာစီလိုနာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ရော်ဘတ်တိုဟာ ဘာစီလိုနာကစားသမားဘဝမှာ ပြိုင်ပွဲစုံ(၃၇၃) ပွဲကစားပေးခဲ့ပြီး ဖလားပေါင်း(၂၅)လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ရော်ဘတ်တိုဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ပေမယ့်လည်း အသင်းသစ်ကို မဆုံးဖြတ်ရသေးဘူးလို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။