စက်တင်ဘာလ(၅)ရက်နေ့က ကစားခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပေါ်တူဂီ တိုက်စစ်မှူးရော်နယ်ဒိုက ကစားသမားဘဝ သွင်းဂိုး(၉၀၀) ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ခရိုအေးရှားအသင်းနဲ့ပွဲစဉ် ပွဲချိန်(၃၄)မိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝ သွင်းဂိုး(၉၀၀) ပြည့် မြောက်လာခဲ့တာပါ။
ပွဲချိန်(၃၄)မိနစ်မှာ ပေါ်တူဂီနောက်ခံလူ နူနိုမန်ဒက်စ်ရဲ့ ဖန်တီးပေးပို့မှုကို ရော်နယ်ဒိုက အနီးကပ် သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝသွင်းဂိုး (၉၀၀)ပြည့်မြောက်သွားခဲ့တဲ့အတွက် အောင်ပွဲခံခဲ့သလို အသင်းဖော်တွေကလည်း ဂုဏ်ပြုပေးခဲ့ကြပါတယ်။
ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝမှာ စပို့တင်းလစ္စဘွန်း၊ မန်ယူ၊ ရီးရဲလ်၊ ဂျူဗင်တပ်၊ အယ်နာဆာ၊ ပေါ်တူဂီ အသင်းတွေမှာ ကစားခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ သွင်းဂိုး(၉၀၀)ပြည့်မြောက်လာခဲ့တာဖြစ်သလို ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ဆက်လက်ရပ်တည်နေပါတယ်။