ဆဲလ်ဘတ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ရီးရဲလ်အတွက် ၂ ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဗီနီစီးယက်စ်က ဘရာဇီး တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။

ဆဲလ်ဘတ် အသင်းနဲ့ ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဗီနီစီးယက်စ်ရဲ့ ရီးရဲလ်ကစားသမားဘဝ သွင်းဂိုးက ၁၀၁ ဂိုးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းမှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အထိ ၅ နှစ်ကြာကစားခဲ့ပြီး သွင်းဂိုး ၁၀၄ ဂိုးသွင်းယူကာ ရီးရဲလ်အသင်းရဲ့ သွင်းဂိုးအများဆုံး ဘရာဇီးကစားသမား အဖြစ် မှတ်တမ်းတင်ထားခဲ့တာပါ။

ရီးရဲလ်အသင်းအတွက် ဂိုးသွင်းပေးရချိန်တိုင်း ပျော်ရွှင်မိသလို ဘရာဇီးဂန္ထဝင် ရော်နယ်ဒိုရဲ့ သွင်းဂိုးမှတ်တမ်းနဲ့လည်း ၃ ဂိုးသာလိုတော့တာဖြစ်လို့ ဒီမှတ်တမ်းကို ချိုးဖျက်နိုင်ဖို့လည်း မျှော်လင့် ထားတယ်လို့ ဆဲလ်ဘတ်အသင်းနဲ့ပွဲအပြီးမှာ ဗီနီစီးယက်စ်က ပြောသွားခဲ့ပါတယ်။၂၀၁၈ မှာ ရီးရဲလ်အသင်းနဲ့အတူ စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ဗီနီစီးယက်စ်ဟာ အသင်းနဲ့အတူ လာလီဂါချန်ပီယံဆု ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဆုဖလား ၂ ကြိမ်အပါအဝင် အောင်မြင်မှုတွေ ရယူထားနိုင်သလို အခုရာသီမှာလည်း ပြိုင်ပွဲစုံ ၂၇ ပွဲမှာ သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူပေးထားနိုင်တာဖြစ်ပါတယ်။