အသက် ၁၈ နှစ်အရွယ် အမေရိကန်ရေလွှာလှိုင်းစီးမယ် ဆင်းမားဟာ စက်တင်ဘာ ၆ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ရေလွှာလှိုင်းစီးလိဂ် ရာသီပိတ်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် ကစားသမားဘဝ ပထမဆုံး ကမ္ဘာ့ချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။
အခုနှစ်ဟာ ဆင်းမားအတွက် ရေလွှာလှိုင်းစီးလိဂ် ဒုတိယမြောက် ရာသီဖြစ်ခဲ့ပေမယ့် ချန်ပီယံဆုကို ရယူနိုင်တဲ့အထိ စွမ်းဆောင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။
ဆင်းမားဟာ ရာသီပိတ်ပွဲစဉ်ရဲ့ ဗိုလ်လုပွဲမှာ ၂၀၂၄ ပဲရစ်အိုလံပစ် ရွှေတံဆိပ်ဆုရှင် ကာရိုလိုင်းမာ့ခ်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တာကြောင့် ကမ္ဘာ့ရေလွှာလှိုင်းစီးလိဂ် ချန်ပီယံဆုကို ပထမဆုံးအကြိမ်ရယူနိုင်တဲ့ အသက်အငယ်ဆုံး အမျိုးသမီး ပြိုင်ပွဲဝင်လည်း ဖြစ်ခဲ့ပါတယ်။

အမျိုးသားပွဲစဉ်မှာတော့ ဝါရင့်ရေလွှာလှိုင်းစီးပြိုင်ပွဲဝင် ဖလိုရန့်က ဗိုလ်လုပွဲမှာ အီတလီနိုင်ငံသား ဖာရီယာကို အနိုင်ရခဲ့ပြီး ကစားသမားဘဝ ကမ္ဘာ့ချန်ပီယံဆုကို ၃ ကြိမ်မြောက်အဖြစ် ရယူသွားခဲ့ပါတယ်။
ဖလိုရန့်ဟာ ၂၀၁၆ နဲ့ ၂၀၁၇ တွေမှာ ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပြီး ၄ နှစ်အကြာဝေးကွာ နေခဲ့တဲ့ ကမ္ဘာ့ချန်ပီယံဆုကို အခုနှစ်မှာ ပြန်လည်ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။