တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် အားကစားဆိုင်ရာ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ CAS က ရုရှားစကိတ်စီးမယ် ဗယ်လီယေဗာရဲ့ ၄ နှစ်ပွဲပယ်ပြစ်ဒဏ်ကို ဇန်နဝါရီလ ၂၉ ရက်နေ့က အတည်ပြုပေး လိုက်ပါတယ်။ ဒါ့အပြင် ၂၀၂၂ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲ အသင်းလိုက်စကိတ်စီးပြိုင်ပွဲမှာ ရုရှားအသင်းရရှိခဲ့တဲ့ ရွှေတံဆိပ်ဆုကိုလည်း ပယ်ဖျက်လိုက်ပါတယ်။
တားမြစ်ဆေးစည်ကမ်းကို ချိုးဖောက်ခဲ့တဲ့ ဗယ်လီယေဗာရဲ့ ပွဲပယ်ပြစ်ဒဏ်ကို အတည်ပြုလိုက်ပြီး ပြစ်ဒဏ် ကာလကို ၂၀၂၁ ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး သတ်မှတ်လိုက် တယ်လို့ တရားရုံးရဲ့ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်ကာလနောက်ပိုင်းကစပြီး ဗယ်လီယေဗာ ပါဝင်ယှဉ်ပြိုင်ပေးခဲ့တဲ့ ရုရှားစကိတ်အသင်းရဲ့ ရလဒ်တွေအားလုံးကိုလည်း ပယ်ဖျက်သွားမယ်လို့ တရားရုံးက အတည်ပြုခဲ့ပါတယ်။
နိုင်ငံတကာ အိုလံပစ်ကော်မတီကတော့ ဗယ်လီယေဗာရဲ့အမှုမပြီးမချင်း ၂၀၂၂ ဘေဂျင်း အိုလံပစ်ပြိုင်ပွဲ အသင်းလိုက် စကိတ်စီးပြိုင်ပွဲရဲ့ဆုတံဆိပ်တွေကို ပေးအပ်သွားမှာမဟုတ်ဘူးလို့ ထုတ်ပြန် ထားပါတယ်။ အဆိုပါပြိုင်ပွဲမှာ ရုရှားအသင်းက ပထမရခဲ့ပြီး အမေရိကန်အသင်းကဒုတိယနဲ့ ဂျပန်အသင်းက တတိယအသီးသီး ရခဲ့တာဖြစ်ပါတယ်။