ယူရို(၂၀၂၄)ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အောင်ပွဲခံခဲ့ရာမှာ စပိန်ကစားသမားတွေဖြစ်ကြတဲ့ ရိုဒရီနဲ့ မိုရာတာ တို့ရဲ့အပြုအမူကို ယူအီးအက်ဖ်အေက (၁)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
ရိုဒရီနဲ့ မိုရာတာတို့ဟာ ယူရို (၂၀၂၄) ဖလားကို ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ကြရာမှာ ဂျီဘရော်တာနိုင်ငံဟာ စပိန်ပိုင်ဖြစ်တယ်ဆိုတဲ့ စာသားပါဝင်တဲ့ သံချပ်ကို သီဆိုခဲ့ကြတာပါ။
ယူအီးအက်ဖ်အေက အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဇူလိုင်လ(၂၃)ရက်နေ့က စတင်ပြုလုပ်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာ ကစားသမားတွေကို (၁)ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဂျီဘရော်တာနိုင်ငံဟာ စပိန်တောင်ဘက်စွန်းမှာတည်ရှိနေပေမယ့် ဗြိတိန်ပိုင်နက် အတွင်းမှာ ရှိတာကြောင့် အခုသံချပ်က နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေတယ်ဆိုပြီး ဂျီဘရော်တာဘောလုံး အဖွဲ့ချုပ်က ယူအီးအက်ဖ်အေကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ရိုဒရီ၊ မိုရာတာတို့အနေနဲ့ ဒီအဖြစ်အပျက်မှာ အပြစ် ရှိတယ်လို့ ဆုံးဖြတ်ခံခဲ့ရတဲ့အတွက် စက်တင်ဘာလ(၅)ရက်နေ့မှာကစားမယ့် ဆားဘီးယားအသင်းနဲ့ပွဲစဉ်ကို လွဲချော်ရ တော့မှာဖြစ်ပါတယ်။