နည်းပြသောမတ်တူချယ်နဲ့ လမ်းခွဲပြီးနောက် ဘန်လေနည်းပြကွန်ပနီကို နည်းပြသစ်ခန့်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ ရာသီသစ်အတွက် လေ့ကျင့်မှုတွေကို ဇူလိုင်လ(၁၇)ရက်နေ့က စတင်ပြုလုပ်ခဲ့ကြပါတယ်။
ဘိုင်ယန် မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ဖြစ်ခဲ့ပြီးနောက် လာမယ့်ရာသီမှာ ရလဒ်ကောင်းရဖို့အတွက် လေ့ကျင့်မှုတွေကို ကြိုတင်လုပ်ဆောင်နေတာပါ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လေ့ကျင့်ရေးမှာ စီနီယာကစားသမား တချို့ပါဝင်ခဲ့သလို ကစားသမားသစ် အီတိုလည်း ပါဝင်တာကို တွေ့ရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေကို ဇူလိုင်လ(၂၄)ရက်ကစတင်ကာ ကစားသွားမှာ ဖြစ်ပါတယ်။
နည်းပြသစ် ကွန်ပနီ လက်ထက်မှာ ကစားသမားသစ်ခေါ်ယူတာတွေ လုပ်ဆောင်နေတာကြောင့်လည်း လာမယ့်ရာသီမှာ ရလဒ်ကောင်း ရလိမ့်မယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက မျှော်လင့်နေပါတယ်။