ရာသီကြိုခြေစမ်းပွဲစဉ်တွေ ကစားဖို့အတွက် အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ လီဗာပူးအသင်းဟာ ဇူလိုင်လ (၂၇)ရက်နေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ဘက်တစ်အသင်းနဲ့ခြေစမ်းပွဲစဉ်မှာ (၁)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဘက်တစ်အသင်းကို ပွဲစဉ်တစ်လျှောက်လုံး ဖိအားပေးကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာသွင်းခဲ့တဲ့ ဆိုဘော့ဇ်ဇလိုင်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ခြေစမ်းပွဲဖြစ်တာကြောင့် လီဗာပူးအသင်းဟာ လူငယ်တွေကိုအသုံးပြုခဲ့ပေမယ့်လည်း ဆာလာ၊ ဆိုဘော့ဇ်ဇလိုင်၊ အန်ဒိုတို့အပြင် စီနီယာကစားသမားတချို့ကို အသင်းရဲ့ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့ပါတယ်။
လီဗာပူးအသင်းအတွက် တစ်လုံးတည်းသော ဦးဆောင်ဂိုးကို ပွဲချိန် (၃၄)မိနစ်မှာ ဆာလာရဲ့ပေးပို့မှုကနေတဆင့် ဆိုဘော့ဇ်ဇလိုင်က သွင်းယူပေးခဲ့ပါတယ်။ ဘက်တစ်အသင်းနဲ့ပွဲက လီဗာပူးနည်းပြသစ် အာနီစလော့လက်ထက် ပထမဆုံးနိုင်ပွဲလည်းဖြစ်လာခဲ့ပါတယ်။