မန်ယူအသင်းနဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလား၊ တတိယအဆင့်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် အာဆင်နယ်နည်းပြအာတီတာက အသင်းရဲ့အခြေအနေတွေအပေါ် အကောင်းမြင်နေပါသေးတယ်။ အာဆင်နယ် အသင်းဟာ မန်ယူအသင်းနဲ့ပွဲစဉ်မှာ ပွဲချိန်အတွင်း (၁)ယောက်အသာစီးနဲ့ ကစားခဲ့ရပေမဲ့ ပင်နယ်တီအဆုံးအဖြတ် မှာ ရှုံးနိမ့်ခဲ့ရတာပါ။

မန်ယူအသင်းနဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရတာက မယုံနိုင်စရာကောင်းသလို အသင်းရဲ့ကစားပုံက ပွဲကို အနိုင်ရလောက်တဲ့အထိ ကောင်းမွန်ခဲ့တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အက်ဖ်အေဖလားပြိုင်ပွဲက ထွက်ခဲ့ရပေမဲ့ ရှုံးပွဲအပေါ်ခံစားမနေဘဲ လာမယ့်ပွဲစဉ်တွေမှာ ရလဒ် ကောင်းရဖို့အတွက်ကိုသာ ကြိုးစားသွားမယ်လို့ နည်းပြအာတီတာက ဆက်လက်ပြောကြားခဲ့ပါတယ်။

မန်ယူ အသင်းနဲ့ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်အသင်းကို (၁)ဂိုးစီသရေကျခဲ့သလို နယူးကာဆယ်အသင်းနဲ့ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်၊ ပထမအကျော့ ပွဲစဉ်မှာ လည်း (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။