ဘရိုက်တန်အသင်းဟာ လိဒ်ယူနိုက်တက်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ရက်တာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင်သန်း(၄၀)နဲ့ခေါ်ယူလိုက်တယ်လို့ ဩဂုတ်လ(၁၉)ရက်နေ့က အတည်ပြုခဲ့ပါတယ်။
အသက်(၂၂)နှစ် အရွယ် ရက်တာကို ဘရိုက်တန်အသင်းက (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အချိန်အတော်ကြာ စောင့်ကြည့်နေ ခဲ့ပြီးမှ ခေါ်ယူလိုက်တာဖြစ်ပါတယ်။
ရက်တာဟာ (၂၀၂၃)ခုနှစ်၊ဇန်နဝါရီမှာ ဂျာမနီကလပ် ဟော့ဖန်ဟိမ်းအသင်းကနေ လိဒ်ယူနိုက်တက်အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး အသင်းအတွက် ၆၆ ပွဲမှာ ၈ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
အဲအချိန်တုန်းကလည်း လိဒ်ယူနိုက်တက်အသင်းက ရက်တာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်း ပေးပြီးတော့ ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။
လိဒ်ယူနိုက်တက်အသင်းဘက်က ရက်တာကို ဆက်ထိန်းထားဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားဘက်က ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆန္ဒရှိနေခဲ့တာဖြစ်ပြီး ဘရိုက်တန်အသင်းကလည်း သူတို့ရဲ့ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းခဲ့တာကြောင့် လိဒ်ယူနိုက်တက် အသင်းက အခုလို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။