ကမ္ဘာ့အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာဟာ ယူအက်စ်အိုးပင်းပြိုင်ပွဲမှာလည်း အကောင်းဆုံးလက်စွမ်းကို ဆက်ထိန်းနိုင်ခဲ့ပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဆင်နာ ဟာ အမေရိကန်နိုင်ငံသား ဖရစ်ဇ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အိမ်ရှင် အမေရိကန်ပရိသတ်တွေက ဖရစ်ဇ်ကို အားပေးခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်ပရိသတ်တွေဟာ ဂရင်းစလမ်ပြိုင်ပွဲတစ်ခုမှာ အမေရိကန် တင်းနစ်သမားတွေ ၂၁ နှစ်အကြာအနိုင်မရမှုကို ဖရစ်ဇ်က အဆုံးသတ်ပေးဖို့ မျှော်လင့်ခဲ့ကြတာပါ။
ဒါပေမဲ့ အခုနှစ်စပိုင်းမှာ ဩစတြေးလျ အိုးပင်းချန်ပီယံဆုကို ရရှိထားတဲ့ ဆင်နာက အကောင်းဆုံးလက်စွမ်းနဲ့အတူ အမေရိကန်ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို အဆုံးသတ်စေခဲ့ပြီး ပွဲအပြီးမှာ ဖရစ်ဇ်ကို (၆း၃၊၆း၄၊၇း၅)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

အခုပွဲမှာအနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဆင်နာကတော့ ယူအက်စ် အိုးပင်းချန်ပီယံဆုကို ရယူနိုင်တဲ့ ပထမဆုံး အီတလီတင်းနစ်သမားဖြစ်လာခဲ့သလို သူ့ရဲ့ကစားသမားဘဝ ဒုတိယမြောက် ဂရင်းစလမ်ချန်ပီယံဆုကို ရယူနိုင်မှုလည်း ဖြစ်လာခဲ့ပါတယ်။
ယူအက်စ်အိုးပင်းကို ရယူနိုင်တာက သူ့ကိုနောက်ကနေ အကောင်းဆုံးကူညီပေးခဲ့တဲ့ သူ့အသင်းသားတွေကြောင့် ဖြစ်တယ်လို့ ချန်ပီယံဆုကို လက်ခံအပြီးမှာ ဆင်နာက ပြောသွားခဲ့ပါ တယ်။