စပိန်အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် တောင်ပံတိုက်စစ်မှူး ယာမယ်ဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။
ယာမယ်ဟာ ပြင်သစ်အသင်းနဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အခုဂိုးကို သွင်းယူချိန်မှာ ယာမယ် ရဲ့ အသက်က ၁၆ နှစ်နဲ့ ၃၆၂ ရက်သာ ရှိသေးတာကြောင့် အသက် ၁၈ နှစ်နဲ့ ၁၄၁ ရက်မှာ ဂိုးသွင်းယူပြီး စံချိန်တင်ထားတဲ့ ဆွစ်ဇာလန်တိုက်စစ်မှူး ဗိုလန်သန်ကို ကျော်ဖြတ်ပြီး ယူရိုပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်လာခဲ့တာပါ။

ယာမယ်ဟာ အခုနှစ် ယူရိုပြိုင်ပွဲမှာ သွင်းဂိုး တစ်ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှုလည်း ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ယူရိုပြိုင်ပွဲမှာ ကစားခွင့်ရဖို့ဆိုတာက အိပ်မက်တစ်ခုဖြစ်ခဲ့ပြီး ဂိုးသွင်းယူနိုင်ဖို့အထိ မျှော်လင့်မထားခဲ့ပေမယ့် အခုလိုမျိုး စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် ကျေနပ်ပျော်ရွှင်မိသလို စပိန်အသင်းနဲ့အတူ ယူရိုချန်ပီယံဆုကို ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ယာမယ်က ပြောသွားခဲ့ပါတယ်။