ချစ်သူရဲ့ ဓာတ်ဆီလောင်း မီးရှို့တာကို ခံခဲ့ရတဲ့ ယူဂန်ဒါအပြေးမယ် ချက်တီဂီဟာ ဆေးရုံမှာ ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့တယ်လို့ စက်တင်ဘာ ၅ ရက်နေ့မှာ ယူဂန်ဒါအိုလံပစ်ကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ချက်တီဂီဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကင်ညာနိုင်ငံက နေအိမ်မှာနေထိုင်နေစဉ် ချစ်သူအမျိုးသားရဲ့တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်ရဲ့ ၇၅ ရာခိုင်နှုန်းကျော် မီးလောင်ခဲ့ရပြီး ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေခဲ့ရတာ ဖြစ်ပါတယ်။
ဒါဟာ ၂၀၂၁ အောက်တိုဘာလနောက်ပိုင်း ကင်ညာနိုင်ငံ အတွင်းမှာ အသတ်ခံရတဲ့ တတိယမြောက်အမျိုးသမီး အားကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
အိုလံပစ်အပြေးမယ် ချက်တီဂီဟာ ချစ်သူအမျိုးသားရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် ကွယ်လွန်သွားခဲ့ရတယ် လို့ ယူဂန်ဒါအိုလံပစ်ကော်မတီ ဥက္ကဋ္ဌက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ပဲရစ်အိုလံပစ် မာရသွန်ပြိုင်ပွဲမှာ အဆင့်(၄၄)ရခဲ့တဲ့ချက်တီဂီဟာ ကင်ညာနိုင်ငံအတွင်းမှာနေထိုင်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။