မြန်မာအမျိုးသမီးဖူဆယ်အသင်းအနေနဲ့ ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲမှာ အကောင်းဆုံး ကြိုးစား ခဲ့ပေမယ့် တိုးတက်မှုရှိဖို့ လိုအပ်နေသေးတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာဖူဆယ်အသင်းမှ မီဒီယာ တာဝန်ခံ ကိုသီဟအောင်က ပြောပါတယ်။

အာရှဖလား အမျိုးသမီးဖူဆယ် ခြေစစ်ပွဲမှာ မြန်မာအမျိုးသမီးအသင်းအနေနဲ့ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ တရုတ် မကာအို အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ (၁)ပွဲနိုင် (၂)ပွဲ ရှုံးပြီး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ အမျိုးသမီးဖူဆယ်အသင်းအနေနဲ့ အမျိုးသမီးလိဂ်ပြိုင်ပွဲတွေ မရှိတော့ တိုးတက်ဖို့အတွက် ကြိုးစားဖို့ လိုအပ်နေ သေးတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာဖူဆယ်အသင်းမှ မီဒီယာတာဝန်ခံ ကိုသီဟအောင်က ပြောပါ တယ်။

မြန်မာအမျိုးသမီးဖူဆယ်အသင်းအနေနဲ့ လာမယ့် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဆီဂိမ်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပြီး ကျန်တဲ့ ပွဲစဉ်တွေ မရှိသေဘူးလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာဖူဆယ်အသင်းကနေ သိရပါတယ်။