ဗြိတိန် လက်ဝှေ့သမား တွမ်မီဖြူရီဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်မှုအဖြစ် မေလ ၉ ရက်နေ့ ဘူဒါပက်စ်မြို့မှာ ဟန်ဂျာလစ်နဲ့ ထိုးသတ်မှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အသက် ၂၅ နှစ် အရွယ် ဖြူရီဟာ လွန်ခဲ့တဲ့ ၁၈ လခန့်က YouTuber KSI နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲနောက်ပိုင်း အနားယူနေခဲ့တာ ဖြစ်ပါတယ်။

လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်မယ့်သတင်းကို ဖြူရီက သူ့ရဲ့လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့ တစ်ပတ်ထဲက ပြောကြားထားပြီး အခုချိန်မှာတော့ အသက် ၂၇ နှစ်အရွယ် ဘော့စနီယားနိုင်ငံသား ဟန်ဂျာလစ်နဲ့ ထိုးသတ်မှာဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ မှာ ပရိုလက်ဝှေ့သမားအဖြစ် စတင်ခဲ့တဲ့ ဟန်ဂျာလစ်ကတော့ လက်ရှိမှာ ၅ ပွဲထိုးသတ်ထားပြီး ၄ ပွဲနိုင် ၁ ပွဲရှုံး မှတ်တမ်း ရရှိထားတာဖြစ်ပါတယ်။

ဗြိတိန်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တိုင်ဆန်ဖြူရီရဲ့ ညီဖြစ်သူ တွမ်မီဖြူရီကတော့ ခရူဆာဝိတ်တန်းမှာ ထိုးသတ်နေသူဖြစ်ပြီး ပရိုကစားသမားဘဝ ၁၀ ပွဲထိုးသတ်ခဲ့ရာမှာ ၁၀ ပွဲစလုံး အနိုင်ရထားသူ ဖြစ်ပါတယ်။ YouTuber KSI နဲ့ထိုးသတ်ခဲ့ပြီးနောက်မှာတော့ တွမ်မီဖြူရီဟာ လက်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး အနားယူနေခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာ ပိုမိုကြံ့ခိုင်တဲ့ တွမ်မီဖြူရီကို မြင်ရပါလိမ့်မယ်ဆိုပြီး ကြေညာချက်မှာ ရေးသားထားပါတယ်။