အာဆင်နယ်အသင်းဟာ ဆိုစီဒက်အသင်းရဲ့ကွင်းလယ်လူ မီရီနိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဩဂုတ်လ(၂၇)ရက် နေ့က တရားဝင်ကြေညာခဲ့ပါတယ်။
အခုဘောလုံးရာသီမှာ အသင်းရဲ့ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့အတွက် ကစားသမားသစ်တစ်ယောက် ရှာဖွေနေတဲ့ အာဆင်နယ်အသင်းဟာ မီရီနိုကိုခေါ်ယူဖို့အတွက် လုပ်ဆောင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ မီရီနိုကို ခေါ်ယူဖို့အတွက် အပိုဆုကြေးအပါအဝင် ပြောင်းရွှေ့ကြေး ပေါင်(၃၁)ဒသမ (၆) သန်းကို ပေးချေခဲ့ရတာဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
မီရီနိုဟာ အတွေ့အကြုံကောင်းတွေ ရှိတဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်တာကြောင့် အာဆင်နယ်အသင်းအတွက် ရလဒ်ကောင်းတွေကို ယူဆောင်လာပေးနိုင်လိမ့်မယ်လို့ နည်းပြအာတီတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ အခုရာသီ အပြောင်းအရွှေ့မှာ ကာလာဖီအိုရီကို ခေါ်ထားတာကြောင့် မီရီနိုက အာဆင်နယ်အသင်းရဲ့ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။